အအေးပိုလာတဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ထားပါ။

ဆောင်းရာသီမှာ အပူချိန် မြန်မြန်ကျသွားရင် ရေပိုက်နဲ့ ဘွိုင်လာအပူပေး ပိုက်တွေ ရေခဲဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။ ရေမီတာ ဒါမှမဟုတ် ရေပိုက်တွေ ခဲသွားရင် ရေမထွက်တော့ဘဲ အဆင်မပြေဖြစ်နိုင်ပါတယ်။ မီတာမခဲခင် ကြိုတင်ပြင်ဆင်ပြီး အိမ်ရဲ့ ရေပိုက်နဲ့ ဘွိုင်လာ ပိုက်တွေ မခဲအောင် ကာကွယ်နည်းနဲ့ ခဲသွားပြီးသား ဖြစ်ရင် ဖြေရှင်းနည်းတွေကို ဖော်ပြပေးပါမယ်။

အပူချိန်အလိုက် ဆောင်ရွက်ရမည့်နည်းလမ်း

-5°C ဖြစ်တဲ့အခါ

  • ရေမီတာ ကာကွယ်ပုံး (ဘောက်စ်) အတွင်းမှာ အဝတ်ဟောင်းတွေလို အပူထိန်းပစ္စည်းတွေ ထည့်ဖြည့်ပါ။
  • အဖုံးကို ပလပ်စတစ်နဲ့ ဖုံးအုပ်ပါ ဒါမှမဟုတ် ကပ်ထားပြီး အပြင်က အအေးလေ ဝင်မလာအောင် ပိတ်ထားပါ။
  • ပြင်ပမှာ ထွက်နေတဲ့ ရေပိုက်၊ အိမ်သာ၊ ဘွိုင်လာ စတာတွေကို အပူထိန်းပစ္စည်းနဲ့ ပတ်ပြီး ကာကွယ်ပါ။
  • စက္ကန့် ၄၅ အတွင်း သုံးတစ်ခါသုံး စက္ကူခွက်တစ်ခု ပြည့်တဲ့အထိ ရေပန်းကို ဖွင့်ထားပါ။

-5°C ~ -10°C ဖြစ်တဲ့အခါ

  • ရေမီတာ၊ ထွက်နေတဲ့ ရေပိုက်၊ အိမ်သာ၊ ဘွိုင်လာ စတာတွေကို နွေးအောင် လုပ်ထားသလားဆိုတာ ထပ်စစ်ဆေးပါ။

-10°C ~ -15°C ၂ ရက်ထက်ပိုပြီး ဆက်ဖြစ်နေတဲ့အခါ

  • ကြာရှည်စွာ အိမ်ထဲမှာ မရှိတဲ့အခါ အိမ်သာနဲ့ ဘွိုင်လာကို နွေးအောင် ထိန်းသိမ်းထားပေမယ့်လည်း ရေပန်းကို ဖွင့်ပြီး ရေအနည်းငယ်စီ စီးကျနေအောင် လုပ်ထားပါ (စက္ကန့် ၃၃ အတွင်း သုံးတစ်ခါသုံး စက္ကူခွက်တစ်ခု ပြည့်တဲ့အထိ)။

-15°C အောက် ၂ ရက်ထက်ပိုပြီး ဆက်ဖြစ်နေတဲ့အခါ

  • အိမ်သာနဲ့ ဘွိုင်လာကို နွေးအောင် ထားပေမယ့်လည်း ခဏအပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ညအချိန်လို ရေကို မသုံးတဲ့ အချိန်တိုလေးတွေမှာ ရေပန်းကို အနည်းငယ်စီ စီးကျနေအောင် ဖွင့်ထားပါ။

ဖြေရှင်းနည်း

ရေမီတာ ရေခဲကွဲခြင်းကို အောက်ပါ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကာကွယ်နိုင်ပါတယ်။

  • ဖြည့်ပါ: အိမ်မှာ မီတာဘောက်စ်ကို အပူထိန်းပစ္စည်းနဲ့ ဖြည့်ထားပါ။
  • ဖွင့်ပါ: အအေးလှိုင်း ၂ ရက်ထက်ပိုပြီး ဆက်ဖြစ်နေတဲ့အခါ ရေကို သေးသေးလေး စီးကျနေအောင် ဖွင့်ထားပါ။
  • အရည်ပျော်စေပါ: ခဲနေတဲ့ မီတာကို ဖြည်းဖြည်းချင်း အရည်ပျော်အောင် လုပ်ပါ။

ခဲပြီး ပျက်စီးနေတဲ့ စက်ပစ္စည်းရှိရင် 120 (Dasan Call Center) ကို ဖုန်းဆက်ပါ။

အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ မွန်ဂိုလီးယား ဘာသာတွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။