ဆောင်းရာသီတွင် ဘွိုင်လာကို မည်သို့သုံးသည်ဆိုသည့်အပေါ် မူတည်ပြီး ဂက်စ်ဖိုးက အံ့ဩစရာ ကွာခြားသွားနိုင်ပါသည်။ ဆက်တင်တစ်ခုကိုသာ ပြောင်းလိုက်သည်နှင့်ပင် အပူပေးစရိတ်ကို တော်တော်လေး ချွေတာနိုင်တာမို့ ယခုပင် သင့်အိမ်က ဘွိုင်လာကို ကြည့်လိုက်ပါ!
၁။ သင့်အိမ်နှင့် ကိုက်ညီသော အပူပေးမုဒ်ကို ရွေးပါ
ဘွိုင်လာ ကွန်ထရိုလာ (အပူချိန်ထိန်းကိရိယာ) တွင် ပုံမှန်အားဖြင့် အပူပေးမုဒ် နှစ်မျိုး ပါဝင်ပါသည်။ 실내난방 (အခန်းတွင်းအပူပေးမုဒ်) နှင့် 온돌난방 (ondol ကြမ်းပြင် အပူပေးမုဒ်) ဖြစ်ပါသည်။
- အခန်းတွင်းအပူပေးမုဒ်: ကွန်ထရိုလာ အနီးတဝိုက်က လေထု အပူချိန်ကို ဖမ်းယူပြီး ထိုအခြေအနေအလိုက် အခန်းကို နွေးထွေးအောင် ပေးပါသည်။ အပူကာအဆင့်ကောင်းသောအိမ်၊ အိပ်ရာသုံးနေထိုင်သောအိမ်၊ လေဝင်လေထွက်နည်းသော အသစ်ဆောက်ထားသော တိုက်ခန်းများအတွက် သင့်တော်ပါသည်။
- Ondol အပူပေးမုဒ်: ဘွိုင်လာအတွင်းက ရေအပူချိန်ကို အခြေခံပြီး ကြမ်းပြင်ကို နွေးအောင်ပေးပါသည်။ ကွန်ထရိုလာက ပြတင်းပေါက်နားတွင် တပ်ဆင်ထားလျှင်၊ သို့မဟုတ် ကြမ်းပြင်ပေါ်တွင် ထိုင်ရ၊ အိပ်ရခြင်း များသော အိမ်များအတွက် ပိုသင့်တော်ပါသည်။
၂။ ရေနွေး အသုံးပြုခြင်း
ရေနွေး မသုံးသောအချိန်တွင် ရေပိုက်ခေါင်း လက်ကိုင်ကို ရေအေးဘက်သို့ လှည့်ထားပါ။ လိုချင်သော ရေနွေး အပူချိန်ကို ၃၆~၄၂°C ဝန်းကျင် သတ်မှတ်ထားလျှင် ရပါသည်။ လိုအပ်သည်ထက် မြင့်အောင် သတ်မှတ်ထားလျှင် ဂက်စ်ဖိုး အများကြီး ကုန်နိုင်ပါသည်။
၃။ အပြင်ထွက်သောအခါ ဘွိုင်လာကို ပိတ်ထားသင့်သလား?
အပြင်ထွက်သောအခါ ဘွိုင်လာကို လုံးဝ မပိတ်ထားခြင်း ပိုကောင်းပါသည်။
- အပြင်ထွက်သောအခါ: ဘွိုင်လာကို မပိတ်ပါနှင့်။ အပြင်ထွက်မုဒ် ကို ပြောင်းထားပါ။ အိမ်မှ အကြာကြီး ထွက်နေမည်ဆိုလျှင် ဘွိုင်လာ၏ 예약 (အချိန်ကြိုတင်သတ်မှတ်ခြင်း) လုပ်ဆောင်ချက်ကို သုံးပြီး အပြင်ရောက်နေချိန်အတွက် လိုချင်သော အပူချိန်ကို ၁၅~၁၇°C ဝန်းကျင် ထားနိုင်ပါသည်။
၄။ သင့်တော်သော အခန်းတွင်း အပူချိန်က ၁၈°C မှ ၂၀°C ဖြစ်ပါသည်
အပူပေးစရိတ်ကို ချွေတာရန် အထိရောက်ဆုံး နည်းလမ်းက အခန်းတွင်း အပူချိန်ကို ၁၈°C နှင့် ၂၀°C ကြားတွင် ထိန်းထားခြင်း ဖြစ်ပါသည်။ အပူချိန်ထိန်းကိရိယာ ဆက်တင်ကို ၁°C လျှော့ချရုံနှင့် အပူပေးစရိတ်ကို ၇% ခန့် လျှော့ချနိုင်သည်ဟု ယေဘုယျအားဖြင့် ပြောကြပါသည်။ အပူချိန်ကို မြင့်လွန်းအောင် ထားလျှင် ဂက်စ်ဖိုးက မြန်မြန် တက်သွားပါလိမ့်မည်။
၅။ ဘွိုင်လာကို ပုံမှန် သန့်ရှင်းရေးလုပ်ပါ
ဘွိုင်လာကို အချိန်ကြာကြာ မသန့်ရှင်းရေး မလုပ်ဘဲ ထားလျှင် အတွင်းတွင် ဖုန်နှင့် အညစ်အကြေးများ စုပုံလာပြီး ရေပူအောင် လုပ်ရန် စွမ်းအင် ပိုလိုအပ်လာပါသည်။ ပုံမှန် သန့်ရှင်းရေးလုပ်သော အလေ့အကျင့် ရှိအောင် လုပ်ပါ။
ဤဆောင်းရာသီတွင် နွေးထွေးပြီး ကျန်းမာ ပျော်ရွှင်ပါစေ!






